Tuesday, March 18, 2014

အချစ်စစ်





တကယ် ချစ်တဲ့ သူ ဆိုတာ
ချစ်သူရဲ့ အားနည်းချက် ကို
ဘယ်တော့မှ အနိုင်မယူ တတ်သူမျိုး... ... ...



တကယ် ချစ်တဲ့ သူ ဆိုတာ...
ချစ်သူရဲ့ လိုအပ်ချက် ကို

အလိုလို နားလည်နေတတ်သူမျိုး... ... ...



တကယ် ချစ်တဲ့ သူ ဆိုတာ...
ချစ်သူရဲ့ လက်ဖဝါး ကြမ်းနေပါစေ
ရဲရဲ တွဲတတ်သူမျိုး... ... ...



တကယ် ချစ်တဲ့ သူ ဆိုတာ...
ချစ်သူရဲ့ အခက်အခဲ တွေကို
ကိုယ့်ရဲ့ ကိစ္စလို သဘောထား ကူဖြေရှင်းပြီး
ဘယ်တော့မှ မျက်နှာမလွှဲခေါင်းမရှောင်တတ်သူမျိုး... ... ..



တကယ် ချစ်တဲ့ သူ ဆိုတာ...
(ကုန်ကုန်ပြောရရင်)
ကိုယ့်ရဲ့ ချစ်သူက နူနာဝဲစွဲနေရင်တောင်မှ
ဂရုဏာ မေတ္တာ တရားတွေနဲ့
ဖက်ထားရဲတဲ့သူမျိုး... ... ...


~A Lynn Phyo~
Next
This is the most recent post.
Older Post

0 comments:

Post a Comment